၁။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်-မကွေးတွင် ဖွင့်လှစ်သင်ကြားမည့် အောက်ဖော်ပြ ပါ ဘွဲ့လွန်ဆေးပညာဒီပလိုမာသင်တန်းများသို့ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါ ကြောင်း ကြေညာအပ်ပါသည်။
ဆေးပညာဒီပလိုမာ(Dip. Med.Sc)သင်တန်းများ
စဥ် သင်တန်းအမည် သင်တန်းကာလ
(က) သားဖွားနှင့် မီးယပ်ပညာဒီပလိုမာ ၁ နှစ် (ခ) ကလေးကျန်းမာပညာဒီပလိုမာ ။ (ဂ) ရောဂါဗေဒဒီပလိုမာ ။
၀န်ထမ်းဆရာ၀န်များအတွက် လိုအပ်သောအရည်အချင်းများ
(က) အမ်ဘီဘီအက်စ်ဘွဲ့ (သို့မဟုတ်)အလားတူဘွဲ့ရရှိထားသူဖြစ်ရမည်။
(ခ) လေျှာက်လွှာပိတ်သည့်ရက်တွင် အသက်(၅၀)နှစ်ထက် မကြီးသူဖြစ်ရမည်။
(ဂ) ဘွဲ့လွန်ဒီလိုမာရရှိပြီးနောက် မိမိတာ၀န်ကျရာဌာနနှင့်ဒေသတွင် အနည်းဆုံး(၂)နှစ် နိုင်ငံ့၀န်ထမ်းအဖြစ်
တာ၀န်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(ချွင်းချက်အနေဖြင့် သက်ဆိုင်ရာ ဒီပလိုမာသင်တန်းတွင် ဂုဏ်ထူးဖြင့်အောင်ြမင်ပါက (သို့မဟုတ်) ထူးချွန်စွာ အောင်ြမင်ပါက မိမိတာ၀န်ကျရာဌာနနှင့် ဒေသတွင် (၁)နှစ် နိုင်ငံတာ၀န်ထမ်းဆောင် ပြီးနောက် ဆေးပညာမဟာသိပ္ပံ၀င်ခွင့် လျှောက်ထားလာသည့်အခါ ရေးြေဖစာမေးပွဲ ကင်းလွတ်ခွင့်ပြုပြီး ၀င်ခွင့်နှုတ်ဖြေ စာမေးပွဲဖြင့်သာ ၀င်ရောက်ြေဖဆိုခွင့်ပြုမည်)
ြပင်ပဆရာ၀န်များအတွက် လိုအပ်သော အရည်အချင်းများ
(က) အမ်ဘီဘီအက်စ်ဘွဲ့ (သို့မဟုတ်)အလားတူဘွဲ့ရရှိထားသူဖြစ်ရမည်။
(ခ) လက်ရှိတရား၀င်ဆရာ၀န်မှတ်ပုံတင်(ဆမ)ကိုင်ဆောင်ထားပြီး (ဆမ)သက်တမ်းတိုးရှိပြီးသူလည်း
ဖြစ်ရမည်။
(ဂ) သတ်မှတ်ထားသော ဘွဲ့လွန်သင်တန်ကြေးများကို ပေးသွင်းရမည်။
၂။ မိမိတက်ရောက်ပညာသင်ကြားလိုသော ဘာသာရပ်ကို တိကျစွာဖော်ပြလျှောက်ထားရမည်။
၃။ လျှောက်လွှာပိတ်ရက်မှာ (၃၁-၅-၂၀၁၆)ရက် (အင်္ဂါနေ့)ဖြစ်ပါသည်။
၄။ ၀င်ခွင့်စာမေးပွဲ ြေဖဆိုခွင့်ကဒ်ပြားများကို ဆေးတက္ကသိုလ်-မကွေး၌ (၁၅-၆- ၂၀၁၆)ရက် (ဗုဒ္ဓဟူးနေ့)တွင်
ထုတ်ပေးမည်။
-၂-
၅။ ၀န်ထမ်းဆရာ၀န်များအနေဖြင့် လျှောက်လွှာကို သက်ဆိုင်ရာဦးစီးဌာန၊ အကြီးအကဲမှတစ်ဆင့် လျှောက်ထား
ရမည်ဖြစ်ပြီး ကြိုတင်မိတ္တူ(၁)စောင်ကို ဆေးတက္ကသိုလ်-မကွေးသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး ပြင်ပ
ဆရာ၀န်များအနေဖြင့် လျှောက်လွှာကို ဆေးတက္ကသိုလ်-မကွေးသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်။
၆။ ၀င်ခွင့်စာမေးပွဲ စစ်ဆေးမည့်အစီအစဥ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဖြေဆိုရမည့်ရက် ြေဖဆိုရမည့်နေရာ ဘာသာရပ် ြေဖဆိုရမည့်အချိန်
(၂၀-၆-၂၀၁၆) ဆေးတက္ကသိုလ်-မကွေး အင်္ဂလိပ်စာ (၀၉း၀၀)မှ (၁၁း၀၀)နာရီ
(တနင်္လာနေ့) ကျွမ်းကျင်ဘာသာရပ် (၁၃း၀၀)မှ (၁၅း၀၀)နာရီ
(MCQ)
၇။ လူ့တွေ့/နှုတ်ြေဖစစ်ဆေးမည့်ရက်ကို လူတွေ့/နှုတ်ြေဖ ြေဖဆိုခွင့်ရရှိသူစာရင်း ထုတ်ပြန်ကြေညာသည့်အခါ
တွင် ဖော်ပြပါမည်။
၈။ ဘွဲ့လွန်သင်တန်း၀င်ခွင့် လျှောက်ထားသူ ၀န်ထမ်းဆရာ၀န်များသည် ဘွဲ့လွန်ဆေးပညာသင်တန်း ၀င်ခွင့်
စာမေးပွဲကြေး ကျပ် ၁၀၀၀ိ/- (ကျပ်တစ်ထောင်တိတိ)ကိုလည်းကောင်း၊ ပြင်ပဆရာ၀န်များသည် ၀င်ခွင့် စာမေးပွဲကြေး ကျပ် ၁၀၀၀၀ိ/- (ကျပ်တစ်သောင်းတိတိ)ကိုလည်းကောင်း ဆေးတက္ကသိုလ်-မကွေး၏ မြန်မာ့ စီးပွားရေးဘဏ်၊ မကွေး တွင် ဖွင့်လှစ်ထားသော ငွေစာရင်းအမှတ်- MD-၀၁၁၁၁၈ သို့ ပေးသွင်းရမည်။
မှတ်ချက်။ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်၊ မကွေးတွင်
ဆေးတက္ကသိုလ်-မကွေး၊ ငွေစာရင်းအမှတ်-MD-၀၁၁၁၁၈ သို့ လိပ်မူ၍ ငွေလွှဲစနစ်ဖြင့်
လည်း ပေးသွင်းနိုင်ပါသည်။
၉။ လျှောက်လွှာခေါ်ယူသည့် ကြေညာချက်အပြည့်အစုံနှင့် အသေးစိတ် အချက်အလက်များကို ဆေးတက္ကသိုလ်၊ မကွေး၊ Website –http://www.ummg.gov.mm တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ သို့မဟုတ် ဘွဲ့လွန်ဌာနစိတ်၊ ဖုန်းနံပါတ် - ၀၆၃-၂၃၇၀၁ (လိုင်းခွဲ - ၁၁၀)သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။
ဆေးတက္ကသိုလ်-မကွေး