ဆေးတက္ကသိုလ်-မကွေး၊ ဥပဒေရေးရာဆေးပညာဌာနကို ၂၀၀၄ ခုနှစ်တွင် ကထိက/ဌာနမှူး ဒေါက်တာ သန်းမေကြည်နှင့် ကထိက ဒေါက်တာကျော်ကျော်ဦးတို့ဖြင့် စတင်ဖွင်လှစ်ခဲ့ပြီး နောက်ဆုံးနှစ် အပိုင်း(က) ကျောင်းသားကျောင်သူသင်ကြားရေးကို ဆောင်ရွက်ခဲ့သည်။
၂၀၀၆ ခုနှစ်တွင် ဒေါက်တာအောင်စိုးမှ တွဲဖက်ပါမောက္ခ/ဌာနမှူးအဖြစ်ဖြင့် စတင်တာ၀န် ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ပါမောက္ခ/ဌာမှူး အဖြစ် တိုးမြှင့် တာ၀န်ထမ်း ဆောင် ခဲ့သည်။ ပါမောက္ခဒေါက်တာအောင်စိုးသည် ၂၀၁၁ ခုနှစ်တွင် ဆေးတက္ကသိုလ်−(၂)၊ ရန်ကုန်သို့ ပြောင်းရွှေ့ တာ၀န်ထမ်းဆောင် ခဲ့သည်။
၂၀၀၆ခုနှစ်တွင် ဒေါက်တာအောင်မျိုးထွန်းသည် တွဲဖက်ပါမောက္ခ/ဌာနမှူး အဖြစ် ၂၀၁၁ ခုနှစ် မှ ၂၀၁၅ ခုနှစ် အထိ တာ၀န်ထမ်းဆောင်ခဲ့ပြီး ဆေးတက္ကသိုလ်-မန္တလေးသို့ ပါမောက္ခ/ဌာနမှူးအဖြစ် ရာထူးတိုးပြီး ပြောင်းရွှေ့ တာ၀န်ထမ်းဆောင်ခဲ့သည်။
၂၀၁၅ ခုနှစ် မှစ၍ ပါမောက္ခ ဒေါက်တာသောင်းလင်းသည် ပါမောက္ခ/ဌာနမှူး အဖြစ်ဖြင့် တာ၀န်ထမ်းဆောင်ခဲ့သည်။
ဆေးပညာမဟာသိပ္ပံ(ဥပဒေရေးရာဆေးပညာ)သင်တန်းကို ၂၀၁၅ ခုနှစ် မှစ၍ ဖွင့်လှစ်ပြီး လက်ရှိ တွင် (၃)ကြိမ် ဆက်တိုက် သင်တန်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။