လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မကွေးဖွင့်ပွဲကို (၁၄.၁၂..၂၀၁၉) ရက်နေ့ စနေနေ့တွင် မကွေးတက္ကသိုလ်၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ဒုဌက္ကဌ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ဒုတိယပါမောက္ခချုပ်များ၊ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မကွေးတွင်ဆေးတက္ကသိုလ်၊မကွေးနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်၊ မကွေးတို့မှ ပြခန်းထားရှိပြီး လူငယ်များ၊ ကျောင်းသား/သူများအတွက် အသိပညာများ ပေးလျှက် ရှိပါသည်။ ပြခန်းကိုဒီဇင်ဘာလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ သုံးရက်ကြာ ပြသသွားမည်ဖြစ်ပါသည်။









