ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာန ဆေးဘက်ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန ဆေးတက္ကသိုလ်-မကွေး
ရက် စွဲ ၊ ၂၀၁၆ ခုနှစ် ၊မေ လ ( )ရက်
၀န်ထမ်းဆရာ၀န်များအတွက် ဆေးပညာဒီပလိုမာဘွဲ့လွန်သင်တန်းများ ၀င်ခွင့်လျှောက်လွှာခေါ်ယူခြင်း
၁။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်-မကွေးတွင် ဖွင့်လှစ်သင်ကြားမည့် အောက်ဖော်ပြပါ ဘွဲ့လွန်ဆေးပညာ ဒီပလိုမာသင်တန်းများသို့ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူ အမြဲတန်း၀န်ထမ်း ဆရာ၀န်များ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
ဆေးပညာဒီပလိုမာ(Dip. Med.Sc)သင်တန်းများ
စဥ် သင်တန်းအမည် သင်တန်းကာလ
(က) သားဖွားနှင့်မီးယပ်ပညာဒီပလိုမာ ၁ နှစ် (ခ) ကလေးကျန်းမာပညာဒီပလိုမာ ။ (ဂ) ရောဂါဗေဒဒီပလိုမာ ။
၂။လိုအပ်သောအရည်အချင်း
(က) အနိမ့်ဆုံး အမ်ဘီဘီအက်စ်ဘွဲ့ရရှိပြီးသူ (သို့မဟုတ်)မြန်မာနိုင်ငံဆေးကောင်စီမှ အသိအမှတ်ပြုထား သော အလားတူဘွဲ့ရရှိထားသူဖြစ်ရမည်။ (ခ) လျှောက်လွှာပိတ်သည့်ရက်တွင် အသက်(၅၀)နှစ်ထက် မကြီးသူဖြစ်ရမည်။ (ဂ)ဘွဲ့လွန်ဒီပလိုမာရရှိပြီးနောက် မိမိတာ၀န်ကျရာဌာနနှင့်ဒေသတွင် အနည်းဆုံး(၂)နှစ် နိုင်ငံ့၀န်ထမ်း အဖြစ် တာ၀န်ထမ်းဆောင်နိုင်သူဖြစ်ရမည်။ (ချွင်းချက်အနေဖြင့် သက်ဆိုင်ရာ ဒီပလိုမာသင်တန်းတွင် ဂုဏ်ထူးဖြင့်အောင်ြမင်ပါက (သို့မဟုတ်) ထူးချွန်စွာ အောင်ြမင်ပါက မိမိတာ၀န်ကျရာဌာနနှင့် ဒေသတွင် (၁)နှစ် နိုင်ငံ့တာ၀န် ထမ်းဆောင် ပြီးနောက် ဆေးပညာမဟာသိပ္ပံ၀င်ခွင့် လျှောက်ထားလာသည့်အခါ ရေးြေဖစာမေးပွဲ ကင်းလွတ်ခွင့်ပြုပြီး ၀င်ခွင့်နှုတ်ဖြေ စာမေးပွဲဖြင့်သာ ၀င်ရောက်ြေဖဆိုခွင့်ပြုမည်) (ဃ) သတ်မှတ်ထားသော သင်တန်းကာလကို အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာတွင် အောက်ပါအချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိရမည်။
(က) အမည်၊ မှတ်ပုံတင်အမှတ်၊ လက်ရှိရာထူး/ဌာန၊ အမြဲတမ်းလိပ်စာနှင့် ဖုန်းနံပါတ်၊ ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ် (ခ) အဘအမည် (ဂ) အစိုးရ၀န်ထမ်းအဖြစ် စတင်ထမ်းဆောင်သည့် နေ့ရက်/လ/ခုနှစ် နှင့် အမှုထမ်းသက် (ဃ) အသက်နှင့် မွေးသက္ကရာဇ် (င) ဆမ အမှတ်( )၊ ရက်စွဲ - - ။ (စ) ပညာအရည်အချင်း
(ဆ) တက်ရောက်လိုသည့် သင်တန်းနှင့် ဘာသာရပ်(တိကျစွာဖော်ပြရန်) (ဇ) အမှုထမ်းသက် မှတ်တမ်းအပြည့်အစုံ (ခက်ခဲဒေသနှင့် ကာကွယ်ရေး၀န်ကြီးဌာန၊ ဆေး၀န်ထမ်းညွှန်ကြားရေးမှူးရုံး၊ ဆေး၀န်ထမ်းအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါက ထောက်ခံစာနှင့်အတူ တစ်ပါတည်း တင်ပြရမည်။) (စျ) ပြည်ပသင်တန်းတစ်ခုခုသို့ တက်ရောက်ခွင့်လျှောက်ထားခြင်း(သို့မဟုတ်)၀င်ခွင့်စာမေးပွဲဖြေဆိုထား ခြင်း ရှိ/မရှိ (ည)ယခင်ပြည်တွင်းဘွဲ့လွန်သင်တန်း တက်ရောက်ရန် ရွေးချယ်ခံရဖူးခြင်းရှိ/မရှိ
မှတ်ချက်။ ြပည်တွင်းဘွဲ့လွန်သင်တန်း တစ်ခုခုတက်ရောက်ခဲ့ဖူးပါက တက်ရောက်ခဲ့သည့်ခုနှစ်၊ သင်တန်း၊ ဘာသာရပ်နှင့် ဘွဲ့ရရှိခြင်း ရှိ/မရှိ
၄။ လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်။
(က) လျှောက်လွှာတွင်ဖော်ပြထားသည့် အချက်အလက်များသည် မှန်ကန်ပါကြောင်း ကိုယ်တိုင် လက်မှတ် ရေးထိုးထားသော ခံ၀န်ချက် (ခ) ဘွဲ့လက်မှတ်မိတ္တူများ (ဂ) ဆေးပညာသင်တန်း အမှတ်စာရင်း (Grading Certificate) (ဃ) ဓါတ်ပုံ(၃)ပုံ (လိုင်စင်ဓါတ်ပုံ) (င) ဆေးတက္ကသိုလ်-မကွေး၏မြန်မာ့စီးပွားရေးဘဏ်၊ မကွေးတွင် ဖွင့်လှစ်ထားသော ငွေစာရင်း အမှတ်- MD-၀၁၁၁၁၈ သို့ ဘွဲ့လွန်ဆေးပညာသင်တန်း ၀င်ခွင့်စာမေးပွဲကြေး ကျပ် ၁၀၀၀ိ/- (ကျပ်တစ်ထောင်တိတိ)ကို ပေးသွင်းထားသည့် ချလံမူရင်း(၁)စောင် မှတ်ချက်။ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်၊ မကွေးတွင် ဆေးတက္ကသိုလ်-မကွေး၊ ငွေစာရင်းအမှတ်-MD-၀၁၁၁၁၈ သို့ လိပ်မူ၍ ငွေလွှဲစနစ်ဖြင့် လည်း ပေးသွင်းနိုင်ပါသည်။
၅။ လျှောက်လွှာကို သက်ဆိုင်ရာဦးစီးဌာန အကြီးအကဲမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး ကြိုတင်မိတ္တူ (၁)စောင်ကို ဆေးတက္ကသိုလ်၊ မကွေး၊ ပါမောက္ခချုပ်ထံသို့ မပျက်မကွက် ပေးပို့ရမည်။
၆။ လျှောက်လွှာများကို ဆေးတက္ကသိုလ်၊ မကွေးသို့ (၃၁-၅-၂၀၁၆)ရက်နေ့ (အင်္ဂါနေ့)နောက်ဆုံးထား၍ ပေးပို့ရမည်။ မပြည့်စုံသည့်လျှောက်လွှာများနှင့် လျှောက်လွှာပိတ်ရက်ထက် နောက်ကျရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဥ်းစားမည်မဟုတ်ပါ။
၇။ စာမေးပွဲြေဖဆိုခွင့်ကဒ်ပြားများကို (၁၅-၆-၂၀၁၆)ရက်နေ့ (ဗုဒ္ဓဟူးနေ့)မှစ၍ ဆေးတက္ကသိုလ်၊ မကွေး၌ ထုတ်ပေးမည်။
၈။ သင်တန်း၀င်ခွင့်အရည်အချင်းစစ်ရေးြေဖစာမေးပွဲကို (၂၀-၆-၂၀၁၆)ရက်နေ့(တနင်္လာနေ့)တွင် စာစစ်ဌာန ြဖစ်သည့် ဆေးတက္ကသိုလ်၊ မကွေး၌ အောက်ဖော်ပြပါ အစီအစဥ်အတိုင်း ကျင်းပပြုလုပ်မည်။
စဉ် သင်တန်း ဘာသာရပ် စစ်ဆေးမည့်အချိန် မေးခွန်းပုံစံ (က) သားဖွားနှင့်မီးယပ်ပညာ ဒီပလိုမာ (ခ) ကလေးကျန်းမာပညာ ဒီပလိုမာ အင်္ဂလိပ်စာဘာသာရပ် (၀၉း၀၀)မှ(၁၁း၀၀)နာရီထိ (ဂ) ရောဂါဗေဒဒီပလိုမာ ကျွမ်းကျင်ဘာသာရပ် (၁၃း၀၀)မှ(၁၅း၀၀)နာရီထိ MCQ
၉။ လူတွေ့/နှုတ်ဖြေစစ်ဆေးမည့်ရက်ကို လူတွေ့/နှုတ်ဖြေ ဖြေဆိုခွင့်ရရှိသူစာရင်း ထုတ်ပြန်ကြေညာသည့်အခါ တွင် ဖော်ပြပါမည်။
၁၀။ ရွေးချယ်ခံရပြီးမှ သင်တန်းတက်ရောက်ရန် ပျက်ကွက်လျှင်လည်းကောင်း၊ သင်တန်းကို ပြီးဆုံးအောင် မတက်ရောက်လျှင်လည်းကောင်း သတ်မှတ်ထားသော လျော်ကြေးငွေကို ပေးလျော်ရမည်ဖြစ်ပြီး ဘွဲ့လွန် သင်တန်းစည်းမျဥ်းစည်းကမ်းများအရ အရေးယူခြင်းခံရမည်။
၁၁။ သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် ဘွဲ့လွန်သင်တန်း စည်းမျဥ်းစည်းကမ်းများကို လိုက်နာမည် ဖြစ်ကြောင်းနှင့် ဘွဲ့လွန်သင်တန်းအောင်မြင်ပြီးနောက် နိုင်ငံ့၀န်ထမ်းအဖြစ် မိမိတာ၀န်ကျရာ မည်သည့် ဒေသတွင်မဆို ဆက်လက်တာ၀န်ထမ်းဆောင်မည်ဖြစ်ကြောင်း ကတိခံ၀န်ချုပ် ချုပ်ဆိုရမည်။
၁၂။ အသေးစိတ် အချက်အလက်များကို ဆေးတက္ကသိုလ်၊ မကွေး၊ ပါမောက္ခချုပ်ရုံး၊ ဘွဲ့လွန်ဌာနစိတ်၊ ဖုန်းနံပါတ်(၀၆၃-၂၃၇၀၁) လိုင်းခွဲ(၁၁၀)သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
( ပါမောက္ခ ဒေါက်တာအေးထွန်း ) ပါမောက္ခချုပ် ဆေးတက္ကသိုလ်-မကွေး
စာအမှတ် ၊ /၁-မကဆ(က - ၄)/၂၀၁၆ ရက် စွဲ ၊ ၂၀၁၆ ခုနှစ် ၊ မေ လ ( )ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာန ဆေးဘက်ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန ဆေးတက္ကသိုလ်-မကွေး
ရက် စွဲ ၊ ၂၀၁၆ ခုနှစ် ၊ မေ လ ( )ရက်
ပြင်ပဆရာ၀န်များအတွက် ဆေးပညာဒီပလိုမာဘွဲ့လွန်သင်တန်းများ ၀င်ခွင့်လျှောက်လွှာခေါ်ယူခြင်း
၁။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်-မကွေးတွင် ဖွင့်လှစ်သင်ကြားမည့် အောက်ဖော်ပြပါ ဘွဲ့လွန်ဆေးပညာ ဒီပလိုမာသင်တန်းများသို့ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူ ပြင်ပဆရာ၀န်များ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
ဆေးပညာဒီပလိုမာ(Dip. Med.Sc)သင်တန်းများ
စဉ် သင်တန်းအမည် သင်တန်းကာလ
(က) သားဖွားနှင့်မီးယပ်ပညာဒီပလိုမာ ၁ နှစ် (ခ) ကလေးကျန်းမာပညာဒီပလိုမာ ။ (ဂ) ရောဂါဗေဒဒီပလိုမာ ။
၂။လိုအပ်သောအရည်အချင်း
(က) အနိမ့်ဆုံးအမ်ဘီဘီအက်စ်ဘွဲ့ရရှိပြီးသူ(သို့မဟုတ်)မြန်မာနိုင်ငံဆေးကောင်စီမှ အသိအမှတ်ပြုထား သော အလားတူဘွဲ့ရရှိထားသူဖြစ်ရမည်။ (ခ) သတ်မှတ်ထားသော သင်တန်းကာလကို အချိန်ပြည့်တက်ရောက်နိုင်သူ ဖြစ်ရမည်။ (ဂ) လက်ရှိတရား၀င် ဆရာ၀န်မှတ်ပုံတင်(ဆမ)ကိုင်ဆောင်ထားပြီး (ဆမ)သက်တမ်းတိုး ရှိပြီးသူလည်း ြဖစ် ရမည်။ (ဃ) သတ်မှတ်ထားသော ဘွဲ့လွန်သင်တန်းကြေးများကို ပေးသွင်းနိုင်သူဖြစ်ရမည်။ (င) သတ်မှတ်ထားသော သင်တန်းစည်းမျဥ်းစည်းကမ်းများကို လိုက်နာနိုင်သူ ြဖစ်ရမည်။
၃။ လျှောက်လွှာတွင် အောက်ပါအချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိရမည်။ (က) အမည်၊ မှတ်ပုံတင်အမှတ်၊ အမြဲတမ်းလိပ်စာနှင့်ဖုန်းနံပါတ်၊ ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ် (ခ) အဘအမည် (ဂ) အသက်နှင့် မွေးသက္ကရာဇ် (ဃ) ဆမ အမှတ်( )၊ ရက်စွဲ - - ။ (င) ပညာအရည်အချင်း (စ) တက်ရောက်လိုသည့် သင်တန်းနှင့် ဘာသာရပ်(တိကျစွာဖော်ပြရန်)
၄။ လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်။ (က)လျှောက်လွှာတွင် ဖော်ပြထားသည့်အချက်အလက်များသည် မှန်ကန်ပါကြောင်း ကိုယ်တိုင် လက်မှတ် ရေးထိုးထားသော ခံ၀န်ချက် (ခ) ဘွဲ့လက်မှတ်မိတ္တူများ
(ဂ) ဆေးပညာသင်တန်း အမှတ်စာရင်း (Grading Certificate) (ဃ) ဓါတ်ပုံ(၃)ပုံ (လိုင်စင်ဓါတ်ပုံ) (င) အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း၊ သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ရုံးတို့မှ ထောက်ခံချက်များ (စ) တရား၀င်(ဆမ)မိတ္တူ (ဆ) ဆေးတက္ကသိုလ်-မကွေး၏မြန်မာ့စီးပွားရေးဘဏ်၊ မကွေးတွင် ဖွင့်လှစ်ထားသော ငွေစာရင်း အမှတ်- MD-၀၁၁၁၁၈ သို့ ဘွဲ့လွန်ဆေးပညာသင်တန်း ၀င်ခွင့်စာမေးပွဲကြေး ကျပ် ၁၀၀၀၀ိ/- (ကျပ်တစ်သောင်းတိတိ)ကို ပေးသွင်းထားသည့် ချလံမူရင်း(၁)စောင်
မှတ်ချက်။ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်၊ မကွေးတွင် ဆေးတက္ကသိုလ်-မကွေး၊ ငွေစာရင်းအမှတ်-MD-၀၁၁၁၁၈ သို့ လိပ်မူ၍ ငွေလွှဲစနစ်ဖြင့် လည်း ပေးသွင်းနိုင်ပါသည်။ ၅။ လျှောက်လွှာများကို ဆေးတက္ကသိုလ်၊ မကွေးသို့ (၃၁-၅-၂၀၁၆)ရက်နေ့ (အင်္ဂါနေ့)နောက်ဆုံးထား၍ ပေးပို့ရမည်။ မပြည့်စုံသည့်လျှောက်လွှာများနှင့် လျှောက်လွှာပိတ်ရက်ထက် နောက်ကျရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဥ်းစားမည်မဟုတ်ပါ။
၆။ စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို (၁၅-၆-၂၀၁၆)ရက်နေ့ (ဗုဒ္ဓဟူးနေ့)မှစ၍ ဆေးတက္ကသိုလ်၊ မကွေး၌ ထုတ်ပေးမည်။
၇။ သင်တန်း၀င်ခွင့်အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို (၂၀-၆-၂၀၁၆)ရက်နေ့(တနင်္လာနေ့)တွင် စာစစ်ဌာန ဖြေစ်သည့် ဆေးတက္ကသိုလ်-မကွေး၌ အောက်ဖော်ပြပါ အစီအစဥ်အတိုင်း ကျင်းပပြုလုပ်မည်။
စဉ် သင်တန်း ဘာသာရပ် စစ်ဆေးမည့်အချိန် မေးခွန်းပုံစံ (က) သားဖွားနှင့်မီးယပ်ပညာ ဒီပလိုမာ (ခ) ကလေးကျန်းမာပညာ ဒီပလိုမာ အင်္ဂလိပ်စာဘာသာရပ် (၀၉း၀၀)မှ(၁၁း၀၀)နာရီထိ (ဂ) ရောဂါဗေဒဒီပလိုမာ ကျွမ်းကျင်ဘာသာရပ် (၁၃း၀၀)မှ(၁၅း၀၀)နာရီထိ MCQ
၈။ လူတွေ့/နှုတ်ဖြေစစ်ဆေးမည့်ရက်ကို လူတွေ့/နှုတ်ဖြေ ဖြေဆိုခွင့်ရရှိသူစာရင်း ထုတ်ပြန်ကြေညာသည့်အခါ တွင် ဖော်ပြပါ မည်။
၉။ အသေးစိတ်အချက်အလက်များကို ဆေးတက္ကသိုလ်၊ မကွေး၊ ပါမောက္ခချုပ်ရုံး၊ ဘွဲ့လွန်ဌာနစိတ်၊ ဖုန်းနံပါတ် (၀၆၃-၂၃၇၀၁) လိုင်းခွဲ(၁၁၀)သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
( ပါမောက္ခ ဒေါက်တာအေးထွန်း ) ပါမောက္ခချုပ် ဆေးတက္ကသိုလ်-မကွေး
စာအမှတ် ၊ /၁-မကဆ(က - ၄)/၂၀၁၆ ရက် စွဲ ၊ ၂၀၁၆ ခုနှစ် ၊မေ လ( )ရက်