နောက်ဆုံးနှစ်အပိုင်း(ခ) ၆/၂၀၁၇ (နောက်ဆက်တွဲ)နှင့် ၆/၂၀၁၈ (ပုံမှန်) စာမေးပွဲအောင်မြင်၍ အလုပ်သင်ဆရာဝန်အဖြစ် တာဝန် ထမ်းဆောင် ကြမည့် ကျောင်းသား/သူများအား ဆေးတက္ကသိုလ်၊ မကွေးတွင် Common Skill Training Course for House Officer ကို (၂၇.၁၁.၂၀၁၉)မှ (၂၈.၁၁.၂၀၁၉)တွင် ပြုလုပ်ခဲ့ပါသည်။ (၂၇.၁၁.၂၀၁၉) သင်တန်းဖွင့်ပွဲတွင် ပါမောက္ခချုပ်မှ အလုပ်သင် ဆရာဝန်များအားဂုဏ်ပြု အမှာစကားပြောကြားပြီးနောက်၊ ဒုတိယပါမောက္ခချုပ်( သင်ကြား)မှ အလုပ်သင်ဆရာဝန်များ လိုက်နာရမည့် စည်းကမ်းများကို ပြောကြား ခဲ့ပါသည်။ ထို့နောက် ပါမောက္ခ/ဌာနမှူးများမှ အလုပ်သင်ဆရာဝန်များ အတွက် လုပ်ဆောင် ရမည့် လုပ်ငန်းတာဝန်များ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ Ethics and Professionalismတို့ကို ပို့ချသင်ကြား ပေးပါသည်။ (၂၈.၁၁.၂၀၁၉)နေ့တွင် သင်ဆိုင်ရာဌာနမှ ဆရာ/ဆရာများမှ Skill Training Centre ရှိ Simulator များနှင့် လက်တွေ့လုပ်ဆောင်ခြင်: များကို အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်မည့် သူများအား သင်ကြားပို့ချပေးခဲ့ပါသည်။









